back

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့နယ်၊ ရေချမ်းစင် ကျေးရွာတွင် ကလေးခိုးရန် ကြံစည်မှုဖြစ်ပွားခဲ့

Apr 29 • 5:33 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့နယ်၊ ရေချမ်းစင် ကျေးရွာတွင် ကလေးခိုးရန် ကြံစည်မှုဖြစ်ပွားခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ အုပ်စု၊ ရေချမ်းစင် ကျေးရွာတွင် ကလေးခိုးရန်ကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ အုပ်စု၊ ရေချမ်းစင် ကျေးရွာတွင် ကလေးခိုးရန်ကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ပင်းတယမြို့နယ် ရေချမ်းစင်နှင့် ဒရယ်အင်းလမ်းကြား ရေချမ်းစင် ဘုန်းတော်ကြီးကျောင်း အပေါ်ဘက် တွင် ရေချမ်းစင်ရွာမှ ကလေး ၄ ယောက်ကို ကား တစ်စီးနှင့် လူသုံးယောက် အတင်းဆွဲတင်နေခြင်းကို ကံကောင်းစွာဖြင့် လမ်းသွားလာသူ မြင်တွေ့ အော်ဟစ် လိုက်သဖြင့် ကလေးများ မပါသွားခြင်း ဖြစ်ကြောင်း မြင်တွေ့သူ တစ်ဦးက ဆိုပါတယ်။ကလေးငယ်များသည် ရေသွားချိုးရာမှ အပြန်လမ်း ရွာနှစ်ရွာ ကြားလမ်းနေရာတွင် ဖြစ်ပွားခဲ့ကာကလေးများကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ကျေးရွာများတွင် သူစိမ်းကားများ ဝင်လာလျှင် အမြဲမပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်ပါကြောင်း ဒေသခံများက ဆိုပါတယ်။



news-view-count-icon

31