back

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၂၁၀)စုအတွက် ကြက်ခြေနီမှထောက်ပံ့ခဲ့

Apr 29 • 5:10 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၂၁၀)စုအတွက် ကြက်ခြေနီမှထောက်ပံ့ခဲ့

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၂၁၀)စုအတွက်အိမ်ထောင်စု(၁)စုလျှင် ဆန် (၆)ပြည်အိတ်(၁)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း...

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၂၁၀)စုအတွက်အိမ်ထောင်စု(၁)စုလျှင် ဆန် (၆)ပြည်အိတ်(၁)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ တာပေါ်လင်(၂) ချပ်၊ခြင်ထောင် (၁)လုံး၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို ဧပြီလ(၂၈)ရက် နေ့ရက်တွင် ထောက်ပံ့ခဲ့ပြီးအိမ်ထောင်စု(၁)စုလျှင်၅၀,၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂၁၀)စုအတွက် စုစုပေါင်း ၁၀၅၀၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ထောက်ပံ့ရာတွင် Deployment Team ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက် အားဖြည့်ကူညီနေသောမွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။




news-view-count-icon

29