တရုတ်နိုင်ငံသည် ပေကျင်းမြို့တော်မှ မိုင်၇၀ အကွာအဝေးတွင် တည်ရှိသည့် Xiong'an မြို့တွင် ကမ္ဘာ့ပထမဆုံး 10G broadband ကွန်ရက်ကို စတင်သုံးစွဲသည်။
ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံး အများသုံး အင်တာနက် အမြန်နှုန်း ဖြစ်သည်။ နည်းပညာကုမ္ပဏီ Huawei နှင့် တယ်လီကွန်း ကုမ္ပဏီ China Unicom တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ခဲ့ကြသည်။ 50G-PON နည်းပညာ သုံးစွဲထားသည်။ ဒေင်းလုဒ် အမြန်နှုန်း တစ်စက္ကန့်လျှင် 10 gigabytes အထိ မြန်သည်။ 8K ဗီဒီယိုကို အက်တာနက်ပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်ကြည့်ရှုနိုင်သည်။



