၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသည့် ကရင်ပြည်နယ် မြဝတီမြို့၊ မင်းလက်ပံ၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများရှိ ပြည်ပနိုင်ငံသား ၂၅၅ ဦးကို အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်မှုကြောင့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး၊ ပြည်ပနိုင်ငံသား ၃ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၈ ရက်အထိ စုစုပေါင်း တရားမဝင်ဝင်ရောက်ခဲ့သည့် ပြည်ပနိုင်ငံသား ၉,၀၄၃ ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၇,၅၆၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပေးပြီး၊ ၁,၄၇၅ ဦးကိုလည်း လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်။



