back

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

Apr 29 • 3:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

ယနေ့ ရပ်ကွက်ဈေးများတွင် မုန်လာဥတစ်စည်း ၁၃၀၀-၁၅၀၀ ကျပ်ဈေးဖြင့် ဈေးပြန်မြင့်တက်လာခဲ့ပြီး၊ ပန်းဂေါ် ဖီတစ်ပွင့် ၂၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀-၂၅၀၀ ကျပ်၊ ခရမ်းချဉ်သီ...

ယနေ့ ရပ်ကွက်ဈေးများတွင် မုန်လာဥတစ်စည်း ၁၃၀၀-၁၅၀၀ ကျပ်ဈေးဖြင့် ဈေးပြန်မြင့်တက်လာခဲ့ပြီး၊ ပန်းဂေါ် ဖီတစ်ပွင့် ၂၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀-၂၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား ၄၀၀ ကျပ်ဈေးဖြင့် ပုံမှန်ရှိနေသည်။ ထို့အပြင် ကင်မွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်တစ်စည်း ၂၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၅၀၀ ကျပ်၊ ခရမ်းသီးတစ်လုံး ၃၀၀ ကျပ်၊ မြင်းခွာရွက် ၃၀၀ ကျပ်၊ တရုတ်ကန်စွန်းရွက် ၅၀၀ ကျပ်ဈေးဖြင့် ဈေးပေါတည်ရှိနေသည်။ ခဝဲသီး ၆၀၀-၈၀၀ ကျပ်၊ မုန်လာဥနီတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ဟင်းနုနွယ်ရွက် ၅၀၀ ကျပ်၊ ဘူးညွန့် ၅၀၀ ကျပ်၊ ဂေါ်ရခါးညွန့် ၈၀၀ ကျပ်၊ ရွှေပဲတစ်ဆယ်သား ၂၀၀၀ ကျပ်၊ ပဲပုစွန်သီး ၈၀၀-၁၀၀၀ ကျပ်၊ ကိုက်လန်ရွက် ၁၀၀၀ ကျပ်၊ ပဲသီးရှည် ၁၀၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်ရှိနေပြီး၊ ပြောင်းဖူးတစ်ဖူး ၅၀၀-၆၀၀ ကျပ်၊ မန်ကျည်းရွက်နှင့် ငါးရံ့ပတူရွက်တစ်ပုံ ၁၀၀၀ ကျပ်စီရှိကာ၊ သံပရာသီးတစ်လုံး ၂၀၀ ကျပ်၊ ရှောက်သီးတစ်လုံး ၁၃၀၀-၁၆၀၀ ကျပ်၊ ဘူးသီးအလတ်တစ်လုံး ၂၀၀၀ ကျပ်၊ ကျောက်ဖရုံသီးတစ်စိပ် ၁၀၀၀ ကျပ်၊ ရွှေဖရုံသီးတစ်စိပ် ၇၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။


news-view-count-icon

31