ထိုင်းလိဂ်-၂ကလပ် ကမ်ချနာဘူရီအသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ဟာ လက်ချောင်းအရိုးကျိုးဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။
လက်သန်းကြွယ်အရိုးကျိုးခဲ့တာဖြစ်ပြီး ဓာတ်မှန်ရိုက်ကြည့်ထားတဲ့ အနေအထားအရ အသေးစားခွဲစိတ်မှုလုပ်ရမယ်လို့ သန်းပိုင်ရဲ့ အေးဂျင့် ကိုရဲနိုင်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တိုက်စစ်မှူးသန်းပိုင်ဟာ ဒဏ်ရာကြောင့် နှစ်ပတ်ဝန်းကျင်ခန့်ထိအနားယူရနိုင်ပြီး ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို မိခင်ကလပ် ကမ်ချနာဘူရီက တာဝန်ယူပေးမှာဖြစ်ပါတယ်။



