လွန်ခဲ့တဲ့ရက်ပိုင်းကဖိုက်တာ ပုညစိုင်းဟာ သူ့ရဲ့ပွဲသတင်းတစ်ခုလာတော့မှာဖြစ်ကြောင်းနဲ့ ဖိုက်တာဘဝတံခါးချပ်အသစ်တစ်ခုကို ဖွင့်လှစ်တော့မှာဖြစ်ကြောင်းရေးသားခဲ့ပါတယ်။ဖိုက်တာ ပုညစိုင်းဟာကြံ့ခိုင်မှုပိုင်းဆိုင်ကာလေ့ကျင့်ခန်းတွေကို လုပ်ဆောင်လာနေပြီး ဒီအပတ်ဟာသူပိုသန်မာဖို့လိုနေတဲ့အချိန်တွေပါပဲဆိုပြီး ထပ်မံမျှဝေခဲ့ပြန်တာဖြစ်ကာ ပုညစိုင်းရဲ့ နောက်ပွဲဟာမဝေးတော့ဘူးလို့သတ်မှတ်လို့ရနေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲထုတ်ပြန်ကြေငြာသွားဖွယ်လည်း ရှိနေတာဖြစ်ပါတယ်။သေချာတာကတော့ ပုညစိုင်းရဲ့နောက်ပွဲဟာ သူကျင်လည်ရာအင်ဒိုမြေပေါ်က Regional ပြိုင်ပွဲတွေမဖြစ်နိုင်တော့ဘဲ Road to UFC, Brave CF, Karate Combat အပြင် အခြားနာမည်ကြီး ပရိုမိုးရှင်းတွေမှာသာ ဖြစ်သွားနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။
Apr 29 • 1:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


