ဧပြီလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ မှာ လီဗာပူးလ်အသင်းက စပါးအသင်းကို ၅ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်ခံရယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခြင်းဖြစ်ပြီး အင်္ဂလန်အမှတ်ပေး ချန်ပီယံဆုကို အကြိမ် ၂၀ မြောက်ရယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ အင်္ဂလန်အမှတ်ပေး ချန်ပီယံဆု အများဆုံးရရှိတဲ့ စံချိန်နှင့်လည်း တူညီသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အာနယ်ဆလော့ အပါအဝင် နည်းပြအဖွဲ့ဝင်များနှင့်အတူ လီဗာပူးလ်ကစားသမားများက စပါးအသင်း နှင့်ပွဲအပြီး အန်ဖီးလ်ကွင်းအတွင်းမှာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြပါသည်။



