ထိုင်းနိုင်ငံ၊ Rayong ပြည်နယ် မြို့လယ်ရှိ ကုန်စုံဆိုင်မှ ရွှေထည်များကို ဧပြီလ ၂၇ ရက်နေ့တွင် တစ်ဦးတည်းသူခိုးက လုယက်ခဲ့ပြီး ဘတ် ၅၀ အလေးချိန်ရှိ ရွှေဆွဲကြိုး ၁၀ ချောင်းကို လုယူသွားခဲ့ပြီး စက်လှေကားပေါ်မှ အမြန်ဆင်းကာ ထွက်ပြေးသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ပိတ်ဆိုထားကာ အစွမ်းကုန်ရုန်းကန်နေပေမယ့်လည်း သူ့ကို ဖမ်းဖို လူပိုများလာတာကြောင့် လွတ်မြောက်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ အသက် ၂၆ နှစ်အရွယ် Nattaporn ပြစ်မှုကျူးလွန်သူမှာ အခင်းမဖြစ်ပွားမီက Chumphon ပြည်နယ်မှ ကုန်တိုက်အတွင်းရှိ ATM စက်တစ်ခုမှ ငွေထုတ်ယူရန် သွားရောက်ခဲ့သော်လည်း ငွေမထွက်သောကြောင့် ၎င်းဘေးရှိ ရွှေဆိုင်ကို လုယက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပြီး အာဏာပိုင်များ စစ်ဆေးမေးမြန်းဆောင်ရွက်လျက်ရှိသည်။



