ဘိလပ်မြေတစ်အိတ် ကျပ် ၄၀,၀၀၀ ကျော်အထိ ဈေးပေါက်နေပြီး ဈေးကွက်အတွင်းမှာ ဝယ်ယူ မရဖြစ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားထားရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတာယ်။ ဘိလပ်မြေဈေးနှုန်းတွေ မြင့်တက်ပြီး ဝယ်မရဖြစ်နေတာတွေက သင်္ကြန်ကာလ မတိုင်ခင်ကတည်းက ဖြစ်ပြီး ကြိုတင်စုဆောင်းတာမရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားနေရတယ်လို့ သိရပါတယ်။ဘိလပ်မြေတစ်အိတ် ကျပ် ၁၇,၀၀၀ နဲ့ ရောင်းချ ရမယ်လို့ဈေးနှုန်းသတ်မှတ်ထားပြီး ဘိလပ်မြေရောင်းချမှုတွေကို လိုက်လံစစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ် ခဲ့တာ ကြောင့် ဈေးကွက်အတွင်း အကန့်သတ်နဲ့ ရောင်းချနေတာကို တွေ့ရပါသည်။



