အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် လိုက်နာရန်လိုအပ်တဲ့အချက်များကို ချင်းဒုက္ခသည်ကော်မတီ နယူးဒေလီ က မနေ့ဧပြီလ ၂၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာအိန္ဒိယနိုင်ငံအတွင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းများအတွင်း ပါဝင်ပတ်သက်ခြင်းမပြုကြရန်၊ အိန္ဒိယနိုင်ငံရဲ့ တည်ဆဲဥပဒေ များကိုလေးစားလိုက်နာရန်၊ အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရထုတ်ပြန်တဲ့ စည်းကမ်းများကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။



