back

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကျောက်တုံးကြီးလိမ့်ကျတာကြောင့် အရပ်သား ၁ ဦးသေဆုံး

Apr 28 • 11:36 AM

breaking-news

မြန်မာ

ကရင်

cover

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကျောက်တုံးကြီးလိမ့်ကျတာကြောင့် အရပ်သား ၁ ဦးသေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာမှာ ဒီနေ့ (28.4.2025)ရက်နေ့မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်လောက်က ကျောက်တုံးကြီးတစ်တုံးလိမ့်ကျတာကြောင့် အရပ်သားတစ်ဦးသေဆုံး...

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာမှာ ဒီနေ့ (28.4.2025)ရက်နေ့မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်လောက်က ကျောက်တုံးကြီးတစ်တုံးလိမ့်ကျတာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါသည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါကျောက်တုံးကြီးကို မိုးကြိုးထိမှန်ခဲ့ပြီး အဝတ်အစားရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ပေါ်ကို လိမ့်ကျခဲ့တာပဲ ဖြစ်ပါတယ်။ကျောက်တုံးပိပြီး သေဆုံးခဲ့ရတဲ့သူမှာ လေဖြတ်နေတဲ့ဝေဒနာခံစားနေရတဲ့ အသက် ၇၀ အရွယ်၊ ဦးလုကာဖြစ်ပြီး ဆိုင်ခန်းအတွင်းနားနေရင်း ကျောက်တုံးပိခဲ့ကာ ဦးခေါင်းပြားပြီး သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။



news-view-count-icon

17