ဧပြီလ ၂၇ ရက်နေ့ ၀၈:၀၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမြင့်မြင့်စန်း(ခ)မိငယ် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇.၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၀၈၃၀ အချိန် မနှင်းနှင်းအေး အား အဆိုပါကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ၁၄၃၀ အချိန် ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လှိုင်မင်းစိုး မောင်းနှင်ပြီး မမိုမိုဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမြင့်မြင့်စန်း(ခ)မိငယ်(၅၄)နှစ်၊ မနှင်းနှင်းအေး(၃၄)နှစ်၊ လှိုင်မင်းစိုး(၃၆)နှစ် နှင့် မမိုမိုဝင်း(၂၅)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်များ ဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။..



