လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ ဝန်အားထိန်းညှိရသဖြင့် အချိန်ပိုင်းဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သတ်မှတ်ထားသည့်အချိန်တိုင်း တိကျစွာရရှိရေး【မီးလာရမယ့်အချိန်မှာ မှန်မှန်လာဖို့】စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


