ရှန်ကျိုး-၁၉၊ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့များသည် ဧပြီ ၂၇ ရက်တွင် လုပ်ငန်းလွှဲပြောင်းမှုအခမ်းအနား လုပ်ဆောင်ခဲ့ပြီး အာသာယာဉ်မှူးအဖွဲ့နှစ်ဖွဲ့သည် တရုတ်အာကာသစခန်း၏ သော့များ လွှဲပြောင်းခဲ့သည်။ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့သည် သတ်မှတ်ထားသောတာဝန်များ အားလုံးကို လုပ်ဆောင်ပြီးဖြစ်ကာ ဧပြီ ၂၉ ရက်တွင် ရှန်ကျိုး-၁၉ လူလိုက်ပါ အာကာသယာဉ်နှင့်အတူ တုန်းဖုန်းဆင်းသက်ရေးနေရာသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ သတင်းများအရ သိရသည်။လက်ရှိတွင် အာကာသယာဉ်မှူးများ အိမ်ပြန်လာမှုအား ကြိုဆိုရန်အတွက် အာကာသယာဉ် ဆင်းသက်ရေးနေရာနှင့် စမ်းသပ်မှုတွင် ပါဝင်မည့်စနစ်များကို ပြင်ဆင်မှုများ အပြည့်အဝ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။



