နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၇၉ အဆောက်အဦး ပြိုကျပျက်စီးမှုအတွက် ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အခန်းအမှတ် ၀၁ မှ ရှာဖွေတွေ့ရှိခဲ့သော အရေးကြီးစာရွက်စာတမ်းများအား ပိုင်ရှင်ထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



