အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၈၅ တွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အခန်းအမှတ် ၀၆ မှ Laptop တစ်လုံး ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုပစ္စည်းအား ပိုင်ရှင်ထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



