၂၈.၄.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့ရှိ Sky Villa (C)နှင့် (D) အဆောင်များတွင် မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းရေးနှင့် ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းများ ဆောင်ရွက်စဉ် (C) အဆောင် (M6) အခန်းမှ ရွှေတုံး (၂) တုံး၊ ငွေသားနှင့် အဝတ်အစားအိတ်များ ရှာဖွေတွေ့ရှိခဲ့ပြီး ပိုင်ရှင်ထံ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ဖြင့် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။



