အမေရိကန်အောက်လွှတ်တော်မှ တရုတ်နိုင်ငံဆိုင်ရာအထူးကော်မတီသည်တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီကြီးသုံးခုဖြစ်သော China Mobile, China Telecom နှင့် China Unicom တို့အား မတ်လ ၄ ရက်နေ့တွင် ပေးပို့ခဲ့သော နှစ်ပါတီပါဝင်သည့် သတင်းအချက်အလက်တောင်းခံမှုကို ပြန်လည်ဖြေကြားရန် ပျက်ကွက်ခဲ့သောကြောင့် ဆင့်ခေါ်စာများ ထုတ်ပြန်ခဲ့သည်။၂၀၂၅ ခုနှစ် မေ ၇ ရက်တွင် အကြောင်းပြန်ကြားရန် လိုအပ်သော ဆင့်ခေါ်စာများသည် ယင်းကုမ္ပဏီများ အနေဖြင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ပြီး အမေရိကန်ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ချိုးဖောက်နိုင်သည့် နည်းလမ်းများဖြင့် အမေရိကန် ပြည်ထောင်စုတွင် ဆက်လက်လည်ပတ်နေခြင်း ရှိ၊မရှိ ကွန်ဂရက်မှ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တစိတ်တပိုင်းဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော် တရုတ်နိုင်ငံဆိုင်ရာအထူးကော်မတီက ဆိုသည်။



