back

ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိရွှေတိဂုံပုံတူ စေတီတော် ဗုဒ္ဓါဘိသေက မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပ

Apr 28 • 2:01 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိရွှေတိဂုံပုံတူ စေတီတော် ဗုဒ္ဓါဘိသေက မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပ

ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား...

ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ မင်္ဂလာဝါယာဉ်တော်ဖြင့် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များကို ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ်လှည့်လှူပူဇော်သဖြင့် သာသနာ့အလင်းရောင် ပိုမိုတောက်ပစေခဲ့သည်။


news-view-count-icon

25