အိုင်ဖုန်းတပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီအမည် Foxconn ဟု လူသိများသည့် ထိုင်ဝမ် အီလက်ထရွန်းနစ် လုပ်ငန်းကြီး Hon Hai Precision Industry Co. သည် ဂျပန်မှ Mitsubishi Motors Corp.အတွက် လျှပ်စစ်ကားမော်ဒယ် တခု ထုတ်လုပ်ပေးရန် သဘောတူညီမှု ရရှိခဲ့သည်။၎င်းအီးဗီမော်ဒယ်အသစ်ကို Hon Hai ၏ စီးပွားဖက် Yulon Motor ၏ ထိုင်ဝမ် Miaoli County ရှိ ကားစက်ရုံတွင် ထုတ်လုပ်မည်။ ၎င်းမော်ဒယ်အသစ်သည် ၂၀၂၂ တွင် Hon Hai ထုတ်ဖော်ပြသခဲ့သည့် Model B ရှေ့ပြေးပုံစံကို ပြန်လည်ပြင်ဆင်ထားသောဗားရှင်း ဖြစ်သည်။ မစ်စူဘီရှီသည် ၎င်းအီးဗီကို ဩစတေးလျနှင့် နယူးဇီလန်တို့တွင် စတင်ရောင်းချမည်။ ထို့နောက် ထိုင်ဝမ်နှင့် ဂျပန်တို့တွင်လည်း ရောင်းချဖွယ် ရှိသည်။



