Thai Airways International သည် လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်အရ Boeing 787-9 Dreamliner လေယာဉ် ၄၅ စင်းကို ဝယ်ယူခဲ့ကြောင်း အတည်ပြုသည်။လေယာဉ်စုကို ခေတ်မီစေရန်နှင့် ပို့ဆောင်နိုင်စွမ်းမြှင့်တင်ရန် မဟာဗျူဟာနှင့်အညီ လေယာဉ်အသစ်များ ဝယ်ယူခြင်းဖြစ်သည်။ထို့ပြင် နောက်ထပ် ဖြစ်နိုင်ခြေရှိသည့် အကြောင်းတချက်မှာ အမေရိကန်-ထိုင်း ကုန်သွယ်ရေးတွင် ထိုင်းက ကုန်သွယ်ရေး ပိုငွေပြနေသည်ကို အကြောင်းပြုပြီး ထိုင်းနိုင်ငံအပေါ် အမေရိကန်က သွင်းကုန်ခွန် ပြဋ္ဌာန်းထားသည်ကို ဖြေလျှော့ပေးစေရန်အတွက် ကုန်သွယ်ရေးပိုငွေ များများလျော့ကျအောင် တန်ဖိုးကြီးသည့် လေယာဉ်များ ဝယ်ယူရန် ဆုံးဖြတ်ခြင်းဟုလည်း ယူဆရသည်။လေကြောင်းလိုင်းသည် စီးပွားရေးအရ တွက်ခြေကိုက်သော ဆုံးဖြတ်ချက်များချရန် ရည်မှန်းထားသောကြောင့် လေယာဉ် ၄၅ စင်းအပြင် နောက်ထပ် လေယာဉ်အသစ်များ ဝယ်ယူရန်မှာ လုပ်ငန်းလည်ပတ်ရန် လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရငွေတို့အရ ဆုံးဖြတ်မည် ဖြစ်သည်။



