back

ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသရှိ ရေတွင်းရေကန် (၁၆၀)ကျော်ကို ကယ်လိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်

Apr 27 • 4:52 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသရှိ ရေတွင်းရေကန် (၁၆၀)ကျော်ကို ကယ်လိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်

ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသရှိ ရေတွင်းရေကန် (၁၆၅)ကန်ကို ကယ်လိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူနေအိမ်အတွင်းရှိ သုံးရေကန်များတွင်လည်း ဆေးခပ်ခြင်း...

ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသရှိ ရေတွင်းရေကန် (၁၆၅)ကန်ကို ကယ်လိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူနေအိမ်အတွင်းရှိ သုံးရေကန်များတွင်လည်း ဆေးခပ်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဦးစီဌာနထံက သိရသည်။လက်ရှိတွင် စစ်ကိုင်းတိုင်း‌အတွင်းဖွင့်လှစ်ထားသည့် ငလျင်ကယ်ဆယ်ရေးစခန်း(၆)ခုနှင့် ရပ်ကွက်များအတွင်း ဆေးခန်းများဖွင့်လှစ်၍ ငလျင်ဘေးသင့် ပြည်သူ (၇၇၉)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ဒေသခံ(၆၁)ဦးအား မေးခိုင် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် (၇၈၅)ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


news-view-count-icon

10