မန္တလေးမြို့ အမရပူရမြို့နယ် စွယ်တော်ကားကြီးဝင်းအနီး သံရည်ကျိုကုန်းရပ်ကွက် ၁၄၅×၁၄၆ လမ်းနှင့် ၆၇ လမ်းတွင် တွဲကားတစ်စီး နှင့် ၁၂ ဘီးကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာ ၁၂ ဘီးကားပေါ်မှ ယာဥ်မောင်း တစ်ဦး ကားခေါင်းခန်းတွင် ညပ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ထွက်ခွာကာ သက်ဆိုင်ရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ယာဉ်မောင်းခန်းအတွင်း ညပ်နေသော လူနာ (ကျား - အသက် 43 နှစ်) အား (21:37) မိနစ်တွင် အသက်ရှင်လျှက် ကယ်ထုတ် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။



