back

ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရသူများအတွက် တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကွယ်လွန်သူများကို ရည်စူးကုသိုလ်ပြုပေးနိုင်ရန်ပါ မေတ္တာရပ်ခံ

Apr 27 • 10:34 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရသူများအတွက် တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကွယ်လွန်သူများကို ရည်စူးကုသိုလ်ပြုပေးနိုင်ရန်ပါ မေတ္တာရပ်ခံ

ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စရောက်သွားကြသော သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်များနှင့် (၃၁) ဘုံသားတို့အား ရည်စူးကာ တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲနှင့် ဆွမ်းဦးပုည...

ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စရောက်သွားကြသော သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်များနှင့် (၃၁) ဘုံသားတို့အား ရည်စူးကာ တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ် ပြုပြင်ရန် စုပေါင်း အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ငလျင်ဘေးတစ်လပြည့်သည့် ဧပြီ ၂၈ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ကျင်းပမည်ဖြစ်ကာ ဟိတဓရဆရာတော်ဘုရားမှ ကျပ်သိန်း ၁၀၀၊ ဗုဒ္ဓရင်ခွင်-ဓမ္မသဘင် ကုသိုလ်ပြုအဖွဲ့မှ ကျပ် ၇၅ သိန်းနှင့် တောင်ပုလကုသိုလ်ပြုအဖွဲ့မှ ကျပ်သိန်း ၁၀၀ မတည်လှူဒါန်းထားကြောင်းလည်း သိရသည်။

news-view-count-icon

61