back

တရုတ်ကနေ အိန္ဒိယပြောင်းပြီး iPhone ထုတ်မယ့် Apple

Apr 27 • 9:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်ကနေ အိန္ဒိယပြောင်းပြီး iPhone ထုတ်မယ့် Apple

လာမယ့် ၂၀၂၆ အကုန်မှာ Apple က အမေရိကန်ကို ရောင်းမယ့် iPhone တွေကို တရုတ်ကနေ အိန္ဒိယမှာ ပြောင်းထုတ်ဖို့ ကြံနေပါတယ်။ သမ္မတထရမ့်ရဲ့ တရုတ်ပေါ် အခွန်တိုးကောက်လာတဲ့ စရ...

လာမယ့် ၂၀၂၆ အကုန်မှာ Apple က အမေရိကန်ကို ရောင်းမယ့် iPhone တွေကို တရုတ်ကနေ အိန္ဒိယမှာ ပြောင်းထုတ်ဖို့ ကြံနေပါတယ်။ သမ္မတထရမ့်ရဲ့ တရုတ်ပေါ် အခွန်တိုးကောက်လာတဲ့ စရိတ်တွေ ကာမိအောင်ပါ။ တရုတ်က ဝင်တဲ့ကုန်ပစ္စည်းတွေကို ထရမ့်က ရှယ်ပလန်နဲ့ အခွန်တိုးကောက်မယ်ဆိုကတည်းက Apple လည်း အိပ်မပျော်စားမဝင်တွေ ဖြစ်နေတာပါ။ နောက်တော့ စမတ်ဖုန်းတွေ ၁၄၅% အမြင့်ဆုံးအခွန်သစ် ရှောင်ရှားနိုင်ခဲ့ပေမယ့် ၂၀% အခွန်တော့ ရှိနေမှာပါ။ ဒါလည်း စိတ်မချရသေးတဲ့အခြေအနေ ဖြစ်ပြီး အချိန်မရွေး အခွန်တိုးကောက်တာတွေ ရှိလာနိုင်တာကြောင့်အခုကဲ့သို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။

news-view-count-icon

20