back

နှစ် ၄၀၀ ကျော်သက်တမ်းရှိ ငိုနေသည့်ဆူမိုပွဲ တိုကျိုတွင် ကျင်းပ

Apr 27 • 9:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

နှစ် ၄၀၀ ကျော်သက်တမ်းရှိ ငိုနေသည့်ဆူမိုပွဲ တိုကျိုတွင် ကျင်းပ

ဂျပန်နိုင်ငံ တိုကျိုမြို့က ဆန်ဆိုဂျီဘုရားကျောင်းကို ဧပြီ ၂၆ ရက်က မိဘတွေနဲ့ ကလေးငယ်လေးတွေ လာရောက်ပြီး အနှစ် ၄၀၀ သက်တမ်းရှိ နာမည်ကျော် ရိုးရာအစဉ်အလာတခု ဖြစ်တဲ့ နာ...

ဂျပန်နိုင်ငံ တိုကျိုမြို့က ဆန်ဆိုဂျီဘုရားကျောင်းကို ဧပြီ ၂၆ ရက်က မိဘတွေနဲ့ ကလေးငယ်လေးတွေ လာရောက်ပြီး အနှစ် ၄၀၀ သက်တမ်းရှိ နာမည်ကျော် ရိုးရာအစဉ်အလာတခု ဖြစ်တဲ့ နာကီဆူမို ခေါ် ‘ငိုနေတဲ့ ဆူမို’ ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ကလေးငယ်တွေကို ဆူမိုနပန်းသမားတွေက လေထဲကို ညင်ညင်သာသာ ချီပိုးပင့်မြှောက်ပေးကြပြီး ဘုန်းတော်ကြီးတွေကလည်း ရယ်ရယ်မောမော အမူအရာတွေ လုပ်ပြပြီးတော့ ကလေးငယ်လေးတွေကို ငိုကြဖို့ တိုက်တွန်းနေပါတယ်။အားရပါးရငိုပစ်လိုက်တာဟာ ကျန်းမာရေးကောင်းမွန်စေပြီး နတ်ဆိုးတွေကို မောင်းထုတ်ဖို့ အကူအညီဖြစ်စေတယ်လို့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ကြတာပါ။နိုင်ငံတဝန်းမှာ ကျင်းပကြတဲ့ ဒီဓလေ့ဟာ အီဒို ခေတ်မှာ စတင်ခဲ့ပြီး ကလေးတွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ရှင်တိုအလေ့အကျင့်မှာ အမြစ်တွယ်ခဲ့တာပါ။

news-view-count-icon

15