မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ ပေါင်(၈၅.၅)သန်းတန် တောင်ပံကစားသမား အန်တိုနီတို့ကို ကလပ်အသင်းရဲ့ ရေရှည်အကျိုးအတွက် အသင်းကနေ (အငှားနဲ့) ထွက်ခွာစေခဲ့တာဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အက်စတွန် ဗီလာအသင်းမှာ အငှားသွားကစားရင်း ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့ပြီး (၄)ဂိုးသွင်း (၅)ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်က တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရပြီ ဖြစ်ပါတယ်။ အန်တိုနီကတော့ စပိန်ကလပ် ရီးရဲလ် ဘက်တစ်မှာ ချက်ချင်းဆိုသလို ခြေစွမ်းပြပြီး ပရိသတ်အချစ်တော် ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။
အသင်းရဲ့ ရေရှည်အကျိုးအတွက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အငှားချဖို့ မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ယူနိုက်တက်အသင်းနည်းပြ အမော်ရင် ဖွင့်ဟ
Apr 27 • 9:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


