မနေ့ညက ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာက ကိုပါဒယ်လ်ရေးဖလားကိုဆွတ်ခူးခဲ့ပါတယ်။ ဒီအောင်ပွဲက ဘာစီလိုနာကို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက် ရပ်တည်နိုင်စေခဲ့သလို နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ဦးဆောင်မှုအောက်မှာ အသင်း စွမ်းဆောင်ရည်ကလည်း ထင်ရှားစေခဲ့ပါတယ်။ဒီပွဲရဲ့ ပထမပိုင်းမှာ ဘာစီလိုနာက ကွင်းလယ်လူ ပတ်ဒရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ ဘာပေက ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပြီး ချေပခဲ့သလိုညချူအာမန်နီကလည်း ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် (၈၄)မိနစ်မှာ ဖာရန် တောရက်စ်က ချေပဂိုး သွင်းယူခဲ့လို့ သာမန် မိနစ်(၉၀)အတွင်း (၂)ဂိုးစီ သရေကျနေခဲ့ ပြီးအချိန်ပို နာရီဝက် ဆက်ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်းမှာ နောက်ခံကစားသမား ဂျူးလ်စ် ကွန်ဒီက အနိုင်ဂိုးကို သွင်းယူရင်း ဘာစီလိုနာတို့ ကိုပါဒယ်လ်ရေး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။
နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်စိတ် အပြည့်ရှိတဲ့ သူ့အသင်းကို အရမ်းဂုဏ်ယူမိတယ်လို့ ဆိုလိုက်တဲ့ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်
Apr 27 • 9:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


