တောင်ကိုရီးယားဟာ တိုက်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ အစရှိတဲ့ စစ်သုံးပစ္စည်းတွေ အီရတ်ကို တိုးချဲ့ရောင်းချနိုင်ဖို့အတွက် ဆွေးနွေးနေတယ်လို့သိရပါတယ်။ဧပြီလ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် လုံခြုံရေး၊ကာကွယ်ရေး၊စစ်သုံးပစ္စည်းလုပ်ငန်းနဲ့ ဆိုက်ဘာလုံခြုံရေးပြပွဲမှာ အဲဒိကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိ ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးပစ္စည်းဝယ်ယူမှုစီမံခန့်ခွဲရေးအဖွဲ့ (DAPA)က ဆိုပါတယ်။ကိုရီးယားလေကြောင်းနဲ့ အာကာသစက်မှုလုပ်ငန်းကုမ္ပဏီ (KAI) ဟာ အီရတ်ကို KUH ရဟတ်ယာဉ်တွေကို ရောင်းချဖိူ့ ဝမ် ၁၃၆ ဘီလီယံ( ဒေါ်လာ ၉၃.၇သန်း) တန်ဖိုးရှိ စာချုပ်တစ်ခုကို ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ချုပ်ဆိုခဲ့တယ်လို့ဆိုပါတယ်။
Apr 27 • 9:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


