iPhone 16e ကိုထုတ်ပြီးတစ်လအကြာမှာပဲ 128GB model အတွက်မူရင်းတရားဝင်ရောင်းဈေး အမေရိကန်ဒေါ်လာ ၆၂၆ ရောင်းချရာကနေ ဈေးနှုန်း ၄.၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း VnExpress မှာဖော်ပြထားပါတယ်။iPhone တခြားဗားရှင်းအဟောင်းတွေထက် ရောင်းအားကျပြီး ဝယ်လိုအားလည်းကျဆင်းနေတာဖြစ်ပါတယ်။လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူတွေအဆိုအရ ဗီယက်နမ်မှာ iPhone သုံးစွဲသူတွေဟာ မျက်နှာပြင်ကြီးကြီးနဲ့အဆင့်မြင့်တဲ့ကင်မရာတွေပါပြီးတော့ အသုံးပြုစရာအင်္ဂါရပ်အသစ်တွေကိုကြိုက်တာဖြစ် တဲ့အတွက် 16e ကအဲဒီအပိုင်းတွေမပါရှိတာကြောင့် လူကြိုက်နည်းနေတာဖြစ်ပါတယ်။
| 19 | 0 | 0 | 0 |


