ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ယိုးဒယားမှ ဝင်သည့်မုန့်များနှင့်အတူ စျေးချိုသဖြင့် စက်ရုံကျ ပယ်မုန့်များလည်း ရောင်းတန်းဝင်လာပြီး စားသုံးသူများကလည်း တင်းမာလာနေသောဈေးနှုန်းများကြောင့် ဝယ်ယူစားသုံးမှုများလာကြောင်း သိရသည်။ အဆိုပါ စက်ရုံကျမုန့်များမှာ သန့်ရှင်းမှုရှိသော်လည်း ပုံသဏ္ဍာန်အနည်းငယ်ပျက်စီးမှုများရှိပြီး ဈေးနှုန်း သက်သာသဖြင့် မိသားစုများ၊ ရပ်ကွက်တွင် အထူးစိတ်ဝင်စား ဝယ်ယူခြင်းများဖြစ်နေကြောင်း ရောင်းချသူများနှင့် စက်ရုံလုပ်သားများထံမှ သိရသည်။



