မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ – ၂၀၂၅ ပြည့်နှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် အင်အားပြင်းငလျင်ကြောင့် ပျက်စီးမှုရှိသည့် Sky Villa အဆောက်အဦး (C) နှင့် (D) အဆောင်များတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းရေးနှင့် ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းများကို ဆက်လက်အရှိန်မလျော့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



