ဧပြီ ၂၇ ရက်တွင် ရပ်ကွက်ဈေးများတွင် အာလူးတစ်ပိဿာ ၇၅၀၀ မှ ၈၀၀၀ ကျပ်အထိ ဈေးတက်နေပြီး၊ အလုံးသေးအာလူးတစ်ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်ဈေးရှိသည်။ ကြက်သွန်နီဈေးနှုန်းများက ပုံမှန်ရှိနေပြီး မြစ်သားကြက်သွန်နီတစ်ပိဿာ ၃၀၀၀ မှ ၃၂၀၀ ကျပ်၊ ဆိတ်ဖြူကြက်သွန်နီတစ်ပိဿာ ၂၀၀၀ မှ ၂၅၀၀ ကျပ်ရှိသည်။ ကြက်သွန်ဖြူဈေးကတော့ကျနေ၍ ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ဗမာ-ထူးကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀၀ ကျပ်ဖြစ်သည်။ ကျန်သော ပဲမျိုးစုံနှင့် ကုန်ခြောက်ဈေးများမှာလည်း ပုံမှန်ရှိနေသည်။



