၂၇.၄.၂၀၂၅ ရက်ယနေ့၊ ၀၃နာရီ ၅၀ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်၊ ကျိုက္ခမီလမ်း၊ အမှတ်(၂၃)ရှိ သစ်ဆိုင်ခန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လူမှုကယ်ဆယ်ရေးအသင်းများမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၄နာရီ ၀၁မိနစ် အချိန်တွင် မီးငြိမ်းခဲ့ပါတယ်။



