၂၀.၄.၂၀၂၅ ရက်ယနေ့တွင်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ (၂၁×၂၂) လမ်း၊ (၈၀ ×၈၁) ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသူများအား ထုတ်ယူနိုင်ရေးအတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ယန္တရားများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၉နာရီ ၂၆ မိနစ်အချိန်တွင် သေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ (၂၁×၂၂) လမ်း၊ (၈၀ ×၈၁) ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုတွင်သေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့
Apr 20 • 4:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မန္တလေးတိုင်းဒေသကြီးတွင် ရှာဖွေတွေ့ရှိသော မီးခံသေတ္တာ(၃)လုံးအား မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အတွင်းရေးမှူးထံသို့ လွှဲပြောင်းပေးအပ်
မန္တလေးမြို့၊ Sky Villa အဆောက်အအုံ ပြိုကျမှုတွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

