back

နေပြည်တော်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ

Apr 12 • 8:51 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ

ဧပြီလ (၁၁) ရက်တွင်နေပြည်တော်၌မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးသည်အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မှ P...

ဧပြီလ (၁၁) ရက်တွင်နေပြည်တော်၌မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးသည်အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မှ Program Coordinator Marie Manrique နှင့် စင်ကာပူနိုင်ငံကြက်ခြေနီအသင်းမှကိုယ်စားလှယ်အဖွဲ့အား အသင်းဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ငလျင်အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါတယ်။ ဥတ္တရသီရိမြို့နယ်ရှိ သစ်ဝင်တိုင်း ငလျင်ဘေး ကယ်ဆယ်ရေးစခန်း သို့သွားရောက်ခဲ့ပြီး သစ်ဝင်တိုင်းဘုန်းတော်ကြီးကျောင်းအတွက် ရေသန့်စင် လက်နှိပ်တုံကင်စက် (၁)စုံ နှင့် ငါးသေတ္တာဘူး (၄၈)ဘူးကိုလှူဒါန်းခဲ့ပြီး စင်ကာပူနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ရေသန့်စင်လက်နှိပ်တုံကင်စက် အသုံးပြုနည်း သရုပ်ပြနေမှုများကို ကြည့်ရှုခဲ့ပါတယ်။





news-view-count-icon

23