menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

အင်အားပြင်း ငလျင်ကြောင့် ၉မိုင်ခန့်ထိ မြေလွှာအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး ၁၅ပေခန့်ထိ မြေသား အံလွဲမှုတွေဖြစ်ပေါ်ခဲ့

Apr 07 • 10:49 AM

breaking-news

မြန်မာ

ပြည်တွင်း

မျှဝေမည်

share-news
cover

အင်အားပြင်း ငလျင်ကြောင့် ၉မိုင်ခန့်ထိ မြေလွှာအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး ၁၅ပေခန့်ထိ မြေသား အံလွဲမှုတွေဖြစ်ပေါ်ခဲ့

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းတွေဖြစ်ပေါ်လာမှုဟာ ၉ မိုင်ခန့်ရှိတယ...

cover-photo

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းတွေဖြစ်ပေါ်လာမှုဟာ ၉ မိုင်ခန့်ရှိတယ်လို့ ကနဦးသိရပြီး အနည်းဆုံး ၂ပေကနေ ၁၅ ပေခန့်အထိ မြေသားတွေ အံလွဲသွားတယ်လို့ GeoMap-Myanmar ရဲ့ထုတ်ပြန်ထားချက်ကို ကိုးကားပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးမျှဝေထားပါတယ်။ဘေးတိုက်အရွေ့များတဲ့ ပြတ်ရွေ့အမျိုးအစားတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့က မင်းဝံတောင်ခြေရှိ ရေခါးအင်းရွာတစ်ဝိုက်မှာ အဓိကပြတ်ရွေ့အဖြစ် ရွေ့လျားသွားခဲ့ပြီး မြေလွှာအက်ကွဲကြောင်းတွေ ဖြစ်ပေါ် ခဲ့တာဖြစ်တယ်လို့ ပညာရှင်တချို့က သုံးသပ်ပြောဆိုထားပါတယ်။ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူတွေအားလုံးကို မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦးပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်လို့ မပြတ် သတိထားကြဖို့လည်း အသိပေးထားပါတယ်။မြေပြင်လေ့လာမှုတွေအရနဲ့ ဘူမိဗေဓဘာသာရပ်အရ အရည်ပျော်ခြင်း (Liquefaction) ကြောင့် တစ်ချို့နေရာတွေ မြေသားတည်ငြိမ်မှုမရှိသေးလို့ အမြန်လမ်း တံတားတွေမှာ အပေါ်ယံ လမ်းပြန်ခင်းလိုက်တာနဲ့ သွားလို့ရပေမဲ့ တန်များတဲ့ကားတွေ မဖြတ်သင့်သေးဘူးလို့ ပညာရှင်တစ်ချို့က ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က သတိပေးထားပါတယ်။

 



news-view-count-icon

22

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီး တစ်သိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

မိုင်းနောင်ဂိတ်တွင် ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင်လာသတင်းပို့ခိုင်းသဖြင့် အခက်ကြုံ

cover-photo
right-arrow-icon