သရုပ်ဆောင် ရီရီပွင့်ဖြူဟာငလျင်ဘေးဒဏ်သင့်ခံနေရတဲ့ ပြည်သူတွေနည်းတူ မန္တလေးက သူငယ်ချင်းရဲ့ ခြံထဲမှာပဲ တဲလေးထိုးပြီး အိပ်ခဲ့ပြီးကယ်ဆယ်ရေးကူညီရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ မန္တလေးသို့ထွက်လာခဲ့တာဖြစ်ပြီး တည်းခိုဖို့ ဟိုတယ်တွေလည်းမရှိသလို အိမ်ပိုင်ရှင်တွေကိုယ်တိုင်လည်း အိမ်ထဲမှာမအိပ်ကြဘဲ ဘေးလွတ်ရာ လမ်းဘေး၊ ခြံတွေထဲမှာ တဲထိုးပြီးအိပ်နေကြရတဲ့ကာလတွေပါ။ သူမဟာ အပျက်ဆီးဆုံးရှုံးမှုတွေများတဲ့ အမရပူရကိုသွားရောက်ပြီး လှူမှာဖြစ်တယ်လို့မီဒီယာမှတစ်ဆင့် အသိပေးထားပါတယ်။


