back

မန္တလေး၆၈ လမ်းနှင့် ၁၀၇လမ်းထောင့် မန္တလာသီရီဘောလုံးကွင်းဘေးတွင် ရုရှားကယ်ဆယ်ရေးအဖွဲ့က ယာယီဆေးရုံဖွင့်လှစ်ခဲ့

Apr 03 • 8:18 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး၆၈ လမ်းနှင့် ၁၀၇လမ်းထောင့် မန္တလာသီရီဘောလုံးကွင်းဘေးတွင် ရုရှားကယ်ဆယ်ရေးအဖွဲ့က ယာယီဆေးရုံဖွင့်လှစ်ခဲ့

ငလျင်ဒဏ်သင့်ခဲ့သော မန္တလေးမြို့တွင် ရုရှားကယ်ဆယ်ရေးအဖွဲ့မှ ယာယီဆေးရုံ ဖွင့်လှစ်ကာ ကုသမှုများ ပေးနေကြောင်း သိရပါတယ်။အဆိုပါယာယီဆေးရုံကို ၆၈ လမ်းနှင့် ၁၀၇လမ်းထောင့...

ငလျင်ဒဏ်သင့်ခဲ့သော မန္တလေးမြို့တွင် ရုရှားကယ်ဆယ်ရေးအဖွဲ့မှ ယာယီဆေးရုံ ဖွင့်လှစ်ကာ ကုသမှုများ ပေးနေကြောင်း သိရပါတယ်။အဆိုပါယာယီဆေးရုံကို ၆၈ လမ်းနှင့် ၁၀၇လမ်းထောင့် မန္တလာသီရီဘောလုံးကွင်းဘေးတွင် ဆောက်လုပ်ထားခြင်းဖြစ်ရာအဆိုပါ ဆေးရုံတွင် ခွဲစိတ်ဆောင်၊ အထူးကြပ်မတ်ဆောင် နှင့် ကုသဆောင်များပါဝင်ပြီး ရောဂါရှာဖွေရေး နှင့် ကုသရေးအတွက် စက်ပစ္စည်းနှင့် ဆေးဝါးများပါဝင်ကြောင်း သိရပါတယ်။လက်ရှိတွင် အတွင်းကြေဒဏ်ရာ နှင့် ထိခိုက်ရှနာဒဏ်ရာများဖြင့် လူနာများ ရောက်ရှိနေပြီး ကုသပေးနေကြရာငလျင်ကြောင့် ဒဏ်ရာရ လူနာ ၂၀ ကျော်ကို ဆေးကုသမှု ပေးထားကြောင်းသိရပါတယ်။



news-view-count-icon

17