၂.၄.၂၀၂၅ ရက်ယနေ့တွင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပန်းတောအုပ်စု၊ ရွှေကမ္ဘာဟိုတယ် အဆောက်အဦးပြိုကျပျက်စီး၍ ပိတ်မိနေသူများအား စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ သေဆုံးသူ (၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေ တွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။



