ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ စုစုပေါင်း လေယာဉ် (၁၄)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများသည် ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။အဆိုပါကယ်ဆယ်ရေးအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။
ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ လေယာဉ် (၁၄)စီးဖြင့် ရောက်ရှိ
Apr 02 • 6:16 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


