၂.၄.၂၀၂၅ ရက်ယနေ့တွင်ရှမ်းပြည်နယ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Hotel Aung Ban အဆောက်အဦးပြိုကျပျက်စီး၍ ပိတ်မိနေသူများအား တောင်ကြီးခရိုင်မီးသတ်စခန်း၊ ကလောမြို့နယ်မီးသတ်စခန်း၊ အောင်ပန်းမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၉ နာရီ၃၉မိနစ် အချိန်တွင် သေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Hotel Aung Ban အဆောက်အဦးပြိုကျပျက်စီး၍သေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့
Apr 02 • 5:50 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


