အင်အားပြင်းထန် ငလျင်လှုပ်ပြီးနောက် ပြတ်တောက်ခဲ့သော လျှပ်စစ်မီး ငါးရက်မြောက်နေ့ဧပြီလ ၁ ရက် ညပိုင်း (၈) နာရီ ခွဲ အချိန်တွင် တောင်ကြီးမြို့ စတင် လျှပ်စစ်မီး ပြန်လည် ဖြန့်ဖြူးပေးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ထိုသို့ လျှပ်စစ်မီး လွှတ်ပေးနိုင်ရန် အတွက် သပြေဝ - ရေပေါင်းဆုံ - ကလော - အေးသာယာ စသော ခွဲရုံ အဆင့်ဆင့် ထံသို့ ပို့လွှတ်ကာ ပြုပြင်ပေးခဲ့ရကြောင်း လျှပ်စစ်ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ဧပြီလ ၁ ရက် ညနေပိုင်း အချိန်တွင် ဓာတ်အားပြန်လည် ချိတ်ဆက်နိုင်ရန်အတွက် ကျောက်ဆည် အင်းကုန်းဓာတ်အားခွဲရုံမှတဆင့် ကလောရေပေါင်းဆုံ ဓာတ်အားခွဲရုံသို့ လည်းကောင်း၊ ထိုမှ အေးသာယာဓာတ်အားခွဲရုံသို့ ဓါတ်အား ပို့လွှတ်နိုင်ခဲ့သဖြင့် တောင်ကြီးမြို့နယ် လျှပ်စစ်မီး ပြန်လည် ဖြန့်ဖြူးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။



