back

ရန်ကုန်တိုင်းလှည်းတန်းက လူကူးကုန်းတံတားပေါ် Selfie ရိုက်ရင်း ပြုတ်ကျတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ကွယ်လွန်ရှာ

Apr 02 • 2:52 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းလှည်းတန်းက လူကူးကုန်းတံတားပေါ် Selfie ရိုက်ရင်း ပြုတ်ကျတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ကွယ်လွန်ရှာ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးကုန်းတံတားပေါ်ကနေ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦး Selfie ရိုက်ချိန် ဖုန်းလွတ်ကျလို့ လှမ်း...

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးကုန်းတံတားပေါ်ကနေ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦး Selfie ရိုက်ချိန် ဖုန်းလွတ်ကျလို့ လှမ်းဖမ်းရာက လူပါပြုတ်ကျခဲ့မှု မနေ့က ဖြစ်ပွားခဲ့ရာမှာ ပြုတ်ကျတဲ့အမျိုးသမီးငယ်ဟာ ဆေးရုံအရောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ဖြစ်စဥ်က ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်က လှည်းတန်းလူကူးကုန်းကျော်တံတားပေါ်မှာ လာမယ့် ဧပြီ ၁၃ ရက်မှာမှ အသက် ၁၉ နှစ်ပြည့်မယ့် မယွန်းနဒီဆိုသူ အမျိုးသမီးငယ်ဟာ Selfie ဓာတ်ပုံရိုက်နေရင်း ဖုန်းလွတ်ကျလို့ လှမ်းဖမ်းချိန် အရှိန်လွန်ကာ အမြင့်(၁၈)ပေရှိ တံတားပေါ်ကနေ တံတားအောက် လမ်းမပေါ် ပြုတ်ကျခဲ့တာလို့ CCTV စစ်ဆေးမှုတွေနဲ့ မျက်မြင်သက်သေတွေက ပြောခဲ့တာလည်းဖြစ်ပါတယ်။





news-view-count-icon

21