မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့သည် ငလျင်ဘေးအန္တရာယ်ကြုံတွေ့နေရသူများကို တတ်စွမ်းသမျှကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားကြပြီး ကျပ်သိန်းတစ်သောင်းဝန်းကျင်အထိ လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။မတ်လ ၃၀ ရက်နေ့အလုပ်အမှုဆောင် အထူးအစည်းအဝေးဆုံးဖြတ်ချက်တွင် အသင်း၏ ရံပုံငွေမှ ကျပ်သိန်း ၃၀၀၀ကို မတည်ထားပြီး ငလျင်ဘေးကိုဆိုးရွားစွာ ခံစားခဲ့ရသော မန္တလေးမြို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့များ၊ စစ်ကိုင်း၊ နေပြည်တော်နှင့် တောင်ကြီး၊ အင်းလေး၊ အောင်ပန်းမြို့များရှိ ငလျင်ဒဏ် ခံစားပြီး လိုအပ်နေသူများအား ချက်ချင်းကူညီပေးသွားမည် ဖြစ်ရာအလှူငွေ ကျပ်သိန်း ၅၀၀၀ အပြင် ငါးဆယ်သား ဆီဘူးပေါင်း တစ်သိန်း (ကျပ်သိန်းလေးထောင်ခန့်တန်ဖိုး) အားလည်း ချက်ခြင်းဘူးသွတ်လျက်ရှိပြီး ငလျင်ဒဏ်ခံသည့်ဒေသများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်ပြီး လှူဒါန်းသွားကြမည်ဖြစ်ပါတယ်။
ငလျင်ဘေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက ကျပ်သိန်းတစ်သောင်း ဝန်းကျင်အထိ လှူဒါန်းသွားမည်
Apr 01 • 8:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


