၁.၄.၂၀၂၅ ရက်ယနေ့တွင်နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ခရေအိမ်ရာ၊ တိုက်အမှတ်(၇၁) အဆောက်အဦးပြိုကျ၍ ပိတ်မိနေသူများအား ပဲခူးတိုင်းဒေသကြီး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းနှင့် ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။



