မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် ကစားနေတဲ့ ထိုင်းလိဂ် ၂ ကလပ် ဖာရေး ယူနိုက်တက်အသင်းဟာ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လှူဒါန်းနိုင်ဖို့ အောင်ကောင်းမာန်ရဲ့ ဂျာစီကို လေလံအစီအစဉ် ပြုလုပ်နေပါတယ်။ အောင်ကောင်းမာန်ရဲ့ ဂျာစီကို ထိုင်းငွေ ၉၉ ဘတ်နဲ့ စတင် လေလံခေါ်ခဲ့တာဖြစ်ပြီး လာမယ့် ဧပြီ ၂ ရက်မှာ လေလံပိတ်သိမ်းမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ၄၉၉၉ ဘတ် အထိ ပေးထားသူရှိနေပြီလို့ သိရပါတယ်။ ဘယ်လောက်နဲ့ လေလံပြီးဆုံးမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။



