back

မန္တလေးတိုင်းပျော်ဘွယ်ရှိ ကမ္ဘောဇဘဏ် အဆောက်အအုံ ရှင်းလင်းရှာဖွေမှု ရုပ်အလောင်း သုံးလောင်း တွေ့ရှိထား

Apr 01 • 7:08 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းပျော်ဘွယ်ရှိ ကမ္ဘောဇဘဏ် အဆောက်အအုံ ရှင်းလင်းရှာဖွေမှု ရုပ်အလောင်း သုံးလောင်း တွေ့ရှိထား

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ကမ္ဘောဇဘဏ် အဆောက်အအုံ ရှင်းလင်းရှာဖွေနေမှုမှ သေဆုံး ရုပ်အလောင်း သုံးလောင်း ရှာဖွေ တွေ့ရှ...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ကမ္ဘောဇဘဏ် အဆောက်အအုံ ရှင်းလင်းရှာဖွေနေမှုမှ သေဆုံး ရုပ်အလောင်း သုံးလောင်း ရှာဖွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးမှုများခဲ့တဲ့ မြို့တွေထဲမှာ ပျော်ဘွယ်မြို့နယ်လည်း ပါဝင်ခဲ့ပြီး ကမ္ဘောဇဘဏ်အပါအဝင် နေအိမ်၊ အဆောက်အအုံ ပြိုကျမှုကြောင့် အသက်ဆုံးရှုံးမှုတွေ များစွာလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ပျော်ဘွယ် ကမ္ဘော‌ဇဘဏ် ပြိုကျမှုကို လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်း ရှာဖွေမှု ပြုလုပ်နေတာဖြစ်ပြီး မနေ့ မတ် ၃၁ ရက်နေ့၊ ည ၁၀ နာရီအချိန်ထိ သေဆုံး ရုပ်အလောင်း သုံးလောင်း တွေ့ရှိထားပြီး ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ကမ္ဘောဇဘဏ် အဆောက်အအုံအတွင်း လူ ၄၀ လောက် ပိတ်မိနေတာမှာ အသက်ရှင်ကျန်ရစ်ခဲ့သူ မရှိနိုင်တော့ဘူးလို့ ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က မနေ့ မတ် ၃၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။


news-view-count-icon

22