၁.၄.၂၀၂၅ ရက်ယနေ့တွင်မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာ၌ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သေဆုံးသူ ကျား(၁)ဦး၊ မ(၁)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလည်းယခုထိ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။



